Adapt and Change

၂၀၂၅၊ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အလွန်ပြင်းထန်သည့်ငလျင်ကပ်ဘေးကြီးကြောင့် လူအများအပြား ထိခိုက်ဒဏ်ရာရခြင်း၊ အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးခဲ့ခြင်းများ ကြုံတွေ့ခဲ့ရသည့်အတွက် IME International က ငလျင်ကပ်ဘေးကြုံတွေ့ခံစားရသူများနှင့်ထပ်တူ လွန်စွာဝမ်းနည်းမိပါသည်။

ကျွန်တော်များ IME International Co., Ltd. ၏ မိခင်လုပ်ငန်းစုဖြစ်သော IME Group မှတည်ထောင်ထားသည့် IME Foundation က ငလျင်ကပ်ဘေးသင့်ဒေသများတွင် တတ်စွမ်းသမျှ ကူညီမှုများ၊ လှူဒါန်းမှုများပြုလုပ်လျက်ရှိပါသည်။

ကြောက်မက်ဖွယ်၊ ဝမ်းနည်းဖွယ် ငလျင်ကပ်ဘေးခံစားခဲ့ရသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း ယခုကြုံတွေ့နေရသော အခက်အခဲများမှ အမြန်ဆုံးပြန်လည်ရုန်းထွက် ကျော်လွှားနိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။