Adapt and Change

တာယာလုပ်ငန်းလောကတွင် အရည်အသွေးနှင့် ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ်များကို ရည်ညွှန်း၍ Big 3 ဟု တင်စားပြောဆိုလေ့ရှိသည်။ အဆိုပါ ကမ္ဘာအကြီးဆုံးနှင့် အကောင်းဆုံး တာယာအမှတ်တံဆိပ်သုံးခု (Big 3)တွင် Goodyear အပါအဝင်ဖြစ်သည်။ Goodyear Tire & Rubber Company ကို 1898 ခုနှစ်တွင် အမေရိကန်နိုင်ငံ Akorn Ohio ၌စတင်တည်ထောင်ခဲ့ပြီး ယနေ့အချိန်တွင် ဝန်ထမ်း အင်အား69,000 ကျော်ဖြင့်ကမ္ဘာတစ်ဝန်းလုံး၌ ထုတ်လုပ်ဖြန့်ချိရောင်းချလျက်ရှိပါသည်။

Goodyear OTR Tires များကို အမေရိကန်၊ ဂျပန်နှင့် လူဇင်ဘတ်နိုင်ငံတို့ရှိစက်ရုံများမှ ထုတ်လုပ်ပြီး ကမ္ဘာအနှံ့သို့ရောင်းချလျက်ရှိပါသည်။ မြန်မာနိုင်ငံသို့တင်သွင်းရောင်းချသော Goodyear OTR Tires များကို ဂျပန်နိုင်ငံရှိ စက်ရုံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး Goodyear ၏မူဝါဒအတိုင်း ပစ္စည်းမှာယူသောအခါမှ ထုတ်လုပ်သောကြောင့် နောက်ဆုံးထုတ် တာယာများကို ရရှိနိုင်ပါသည်။