Adapt and Change


“BAIC Group၊ FOTON Motor နှင့် IME International Co., Ltd. တို့မှ ပူးပေါင်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ Negative Pressure Ambulance ယာဉ် (၂)စီးပေးအပ်လှူဒါန်းခြင်း”

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ BAIC Group၊ FOTON Motor နှင့် IME International Co., Ltd. တို့မှ COVID-19 ကူးစက်ရောဂါဝေဒနာရှင်များ သယ်ယူပို့ဆောင်ရာတွင် ထိရောက်အရေးပါသည့် တစ်စီးလျှင် အမေရိကန်ဒေါ်လာ (၄၃၀၀၀)တန်ဖိုးရှိ Negative Pressure Ambulance ယာဉ် (၂) စီး ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဇူလိုင်လ (၁၆) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

လှူဒါန်းရခြင်းရည်ရွယ်ချက်ဟာဆိုရင် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေးနဲ့ အေးအတူ ပူအမျှ အသိုက်အဝန်း ဖော်ဆောင်ရေး တို့ရှိတာကြောင့်လှူဒါန်းခြင်းဖြစ်ပါတယ်။ နိုင်ငံတကာမှာ COVID- 19 ကြောင့် ပြည်သူများ အခက်ခဲဖြစ်နေစဉ်ကာလမှာမြန်မာပြည်သူများအတွက် အကူညီပေးနိုင်ဖို့အတွက် လှူဒါန်းခြင်းဖြစ်တဲ့အပြင် နောင်တွင်လည်း မြန်မာနိုင်ငံရဲ့ တိုးတက်ရေးအတွက်ကိုလည်း မြန်မာနိုင်ငံသားများနဲ့အတူ ပူပေါင်းပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်းနှင့်အတူ အခမ်းအနားမှ ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။