Adapt and Change


Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် Mobile Swab Van များပြုလုပ် အသုံးပြုမည့်အစီအစဉ်အတွက် IME Foundation နှင့် IME International Co., Ltd. တို့မှအလှူငွေ ကျပ်သိန်း ၆၀ နှင့် FOTON Light Truck ၃ စီး ဌားရမ်းပေးခြင်းတို့အား We Love Yangon မှတဆင့် ၂၄.၉.၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ လှူဒါန်းခဲ့ပါသည်။ IME Foundation မှ Swab ယူသည့်နောက်တွဲအခန်းငယ်တည်ဆောက်ခြင်းအတွက် ၃ စီးစာ ကျပ်သိန်း ၆၀ အားလည်းကောင်း၊ IME International Co., Ltd. မှ FOTON အမှတ်တံဆိပ် Light Truck ၃ စီးအား ရောဂါကာကွယ်၊ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များပြီးမြောက်သည်အထိ ဌားရမ်းပေးခြင်းဖြင့်လည်းကောင်း ကုသိုလ်ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။

“စာနာကမ်းလက်… လက်တွဲကူညီ … ဖေးမမည်။”

မြန်မာပြည်သူ၊ ပြည်သားများအားလုံး COVID-19 ကပ်ရောဂါဆိုးကြီးမှ အမြန်ဆုံးကျော်လွှားနိုင်ရန်နှင့် ဘေးရန်ကင်းပြီး ကျန်းမာရွှင်လန်းပါစေရန် IME international Co., Ltd. တို့မှ ဆုတောင်းမေတ္တာများပို့သအပ်ပါသည်။