Adapt and Change


တရုတ်နိုင်ငံရဲ့ နာမည်ကျော်တာယာထုတ်လုပ်သူ Triangle Tyre Co., Ltd. ဟာ အရည်အသွေးမြင့်မားသော Triangle အမှတ်တံဆိပ်တာယာများကိုထုတ်လုပ်လျက်ရှိပြီး ကမ္ဘာအနှံ့နိုင်ငံပေါင်းများစွာကိုဖြန့်ချိရောင်းချပေးနေပါတယ်။ Triangle Tyre Co., Ltd. မှ ခန့်အပ်ထားတဲ့ ကမ္ဘာအရပ်ရပ်က တရားဝင်ဖြန့်ချိရေးကိုယ်စားလှယ်များအနက် ကျွန်တော်များ မြန်မာနိုင်ငံရဲ့တစ်ဦးတည်း TBR & OTR Tyre ကိုယ်စားလှယ်ဖြစ်သော IME International Co., Ltd. မှ အချိန်တိုအတွင်းလုပ်ငန်းကြီးထွားအောင် အစွမ်းဆောင်နိုင်ဆုံးသောဆု (Largest Business Growth Award) ကို ချီးမြှင့်ခြင်းခံခဲ့ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်ခင်ဗျာ …

ယခုကဲ့သို့ ကမ္ဘာအနှံ့ ဖြန့်ချိရေးကိုယ်စားလှယ်များစွာရှိသည့်အနက်မှ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဂုဏ်ယူစွာဖြင့်ရယူနိုင်ခဲ့တဲ့အတွက် အစဉ်အမြဲယုံကြည်စွာဝယ်ယူအားပေးလျက်ရှိတဲ့ Customer များကို လေးစားစွာကျေးဇူးတင်မိပါတယ်။ တက်ညီလက်ညီကြိုးစားအားထုတ်နေကြသော ဝန်ထမ်းများ၊ အမြဲမပြတ်ပံ့ပိုးကူညီပေးကြသော BOD အဖွဲ့ဝင်များအားလုံးကို IME International Co., Ltd. မှ လေးနက်စွာကျေးဇူးတင်ရှိပါတယ်ခင်ဗျ …

“တာရှည်ခိုင်မာ Triangle တာယာ”